Fri အား လုံး မင်္ဂလာပါ ဗျ
ကြိုတင် မေတ္တာ ရပ်ခံ ပါရစေ
ကျနော် ဆရာ တစ်ယောက် မဟုတ်ပါဘူး
Android ပိုင်း တွေ လာ မမေး ကြပါနဲ့ မသိလို့ ပါ 😪
ခု ပြောပြချင်တာက
Admob ကို မြန်မာက နေ Pin Verify လို့ရမယ့် နည်းလေးပါ
အားလုံး သိကြတဲ့ အတိုင်း ပါပဲ
Google Admob က ကျနော်တို့ နိုင်ငံကို ခွင့်မပြုသေးဘူး
ဆိုတော့က
တခြား ဆရာ တွေ လုပ်သလိုပဲ
သူများ နိုင်ငံ ကနေ ပဲ လုပ် ယူ ရမယ် ဗျ
မြန်မာက နေ $ ထုတ် ယူလို့ ရနိုင်မယ် နိုင်ငံက ၇ ခု ရှိပါတယ်
US, UK, Germany, Japan, China, Canada နဲ့
Australia စတဲ့ နိုင်ငံတွေ ပဲ ဖြစ်ပါတယ် ခင်ဗျာ
ခု ပြောခဲ့ တဲ နိုင်ငံတွေကနေ ရတဲ့ $ ကို
ထုတ်ယူ ဖို့ ကိုယ့် အသိ ရှိနေစရာ မလိုပါဘူး
(Fee ကြမ်း တာတော့ အပြစ်မပြောနဲ့ပေါ့ဗျာ)
မြန်မာ ဘဏ်တွေကို က ကြမ်းနေလို့ ပါ 😪😪😪
ဒီနေရာမှာ ကျနော့်ဖက်က အကြံ ပြုချင်တာကတော့
Germany နိုင်ငံ ပဲ ဖြစ်ပါတယ် ဗျ
US နဲ UK က နေ Pin ယူလို့ အဆင်ပြေပေမယ့်
Pin Code ရ ဖို့ အတွက် ငွေ အကုန် အကျ များ နေလို့ပါ
Germany နိုင်ငံက နေ Pin ယူမယ် ဆိုရင်တော့
2.10 Eur ပဲ ကုန် ကျ မှာ ဖြစ်ပါတယ်
( မြန်မာငွေ ၃၅၄၄ ကျပ် ခု လက်ရှိ ပေါက်စျေး ပေါ့နော် )
Admob အကောင့် တစ်ခု မဖွင့် ခင်မှာ
ကိုယ် ဖွင့် ချင်တဲ နိုင်ငံ ရဲ့ လိပ်စာ တစ်ခု လိုအပ်တာ
ဆရာသမား အားလုံး သိပြီး သား ဖြစ်မှာပါဗျ
ဒီနေရာမှာ ကျနော် web address တစ်ခု ပေးပါရစေ
Germany က နေ ကိုယ်ပိုင် လိပ်စာ ယူလို့ရနိုင်မယ့်
Website လေး တစ်ခုပါ ဗျ
စောဒက တက်စရာ ရှိတာက
ဒီ လိပ်စာ တစ်ခု ထဲ နဲ admob အများကြီး ဖွင့်နိုင်ပါ့မလား ?
ဟုတ်ကဲ့
ဖွင့်လို့ ရပါတယ် ဗျ
ဘာဖြစ်လို့ ရနိုင်လဲ ဆိုတာကတော့
Germany Address ပေး ကတည်းက
နာမည် နဲ့ Account ID တွဲ ပြီး ပေးထားတာမို့ပါ
နာမည် တူ နေ ရင်တောင် Account ID မတူပါဘူးဗျ
ကျနော်ကိုယ်တိုင် အကောင့် ဖွင့်ပြီး သုံးနေတာ ရော
သူများ ကို လုပ်ပေးထားတာ (ရောင်းထားတာပေါ့နော်)
တော်တော်များများ ခုချိန်ထိ ဘာမှ မဖြစ်သေးပါဘူး
(ခြွင်းချက်အနေနဲ့ တခြား policy ကို မပြောဘူးပေါ့ဗျာ)
Address line 1 မှာ သူရဲ့ Brand name +
ကိုယ့် ရဲ့ အကောင့် နာမည် နဲ့ အကောင့် ရဲ့ ID ထည့်ရတာမို့ပါ
Address line 2 မှာ တော့ original address
နောက်ပြီး postal code, City, Country စသည်ပေါ့
ပြောရင်း နဲ့ စကားတွေတောင် ရှည်နေပြီဗျ
လိုရင်းပဲ ပြောတော့မယ်
အောက် website မှာ Germany Address ကို
Free ရ ယူနိုင်ပါတယ် ဗျာ
https://www.mailboxde.com/
ကျန်တာတွေ တော့ နောက် ပိုင်း မှာ ဆက်ပြီး ပြောပြ ပါရစေ
ခုတော့ သောက်ထားတာရော အိပ်ချင်တာနဲ့ ပေါင်းပြီး
လူက စာ မရိုက် နိုင် တော့ လို့
ဆုံးအောင် ဖတ် ပေး လို့ ကျေးဇူး 😊😊😊
ဆက်ပြီး တင်ပေးပါမယ်ဗျ
Credit - Ko Moe
Admob ကို မြန်မာကနေ ဘယ်လို လုပ်မလဲ အပိုင်း ၂
===============================
ပထမ တင်ခဲ့ တာကို မကြည့်ရသေးတဲ့ ဆြာများ
အောက်က လင့်မှာ ဝင်ကြည့်နိုင်ပါတယ် ဗျ
https://m.facebook.com/story.php?story_fbid=115019636402808&id=100036843161646
အရင် ပိုစ့်မှာ ပြောခဲ့တဲ့ Germany Address အတွက်
အကောင့်ဖွင့်ပြီး လိမ့်မယ် လို့ ထင်ပါတယ်
>>> အကောင့်ကနေ လိပ်စာ ဘယ်လို ယူမလဲ ? <<<
(ဒီနေရာမှာ နားလည်ပြီးသာ ဆြာ တွေ ကျော် ဖတ်လိုက်ပါ 😊)
Mail Box De မှာ Log in ဝင်လိုက်ပါ
My Account ဆိုတဲ Tab လေး ကို Click ပြီး
My Address, ID? လေးကို ဆက်သွား လိုု်က်ပါဗျ
လိပ်စာ တစ်ခု ပြ ပေး ပါလိမ့်မယ်
My Address
Mailboxde.com GMBX
Name , ID ******
Äussere Weberstr, 57
02763 Zittau, Germany
ဆိုပြီး ပေါ့ဗျာ
Address ရပြီ ဆိုရင်တော့
apps.admob.com မှာ သွားပြီး Sign Up လုပ်ကြစို့
ပထမဆုံး Sign Up လုပ်ကတည်း က
Country ,Time Zone နဲ့ Currency ရွေးပေးရမှာတော့
သိပြီးသား ဖြစ်မယ်လို့ ထင်ပါတယ်
Country မှာ Germany နဲ့
Time Zone မှာတော့ Berlin ပဲ ရွေး ပေးလိုက်ပါ
အရေးကြီးတာကတော့ Currency ပေါ့
Currency မှာ Euro ပဲ ရွေး ပေးရမယ် ဗျ
ဒါမှ $ ထုတ်တဲ့ အခါ အဆင်ပြေမှာ မို့ပါ
အာ့ဒေ ဖြည့်ပြီးရင် I have read and agree မှာ
အမှန် ချစ်ပြီး Create လိုက်ပေါ့နော်
နောက် Page မှာ တော့ ကိုယ့်ရဲ့ mail ထဲကို
ဘယ်လို mail တွေ ပို့ပေးရမလဲ ရွေးခိုင်းပါလိမ့်မယ်
ကျနော်ကတော့အကုန်လက်ခံတယ် အားလုံး select တယ်ဗျ
ပြီးတာ နဲ့ Verify Your Account ကို Click ပြီး
ဆက်သွား လိုက်ရင်
Phone Verify လုပ်ခိုင်းမယ်ဗျ
အရင်ကနဲ့ လုပ်ပြီးသား ဆိုရင်တော့
ဒီ step ကို ကျော်သွား လိမ့်မယ်ဗျ
မလုပ်ရသေးတဲ့ သူတွေကတော့ လုပ်ပေးလိုက်ပါဗျ
မြန်မာနိုင်ငံ က ဖုန်း ကို လက်ခံပါတယ်
09 နေရာမှ +959 အစားထိုးပြီး ထည့်ပေး လိုက်ပါ
ဥပမာ 09 797000000 ဆိုပါတော့
+959 797000000 လို့ ထည့် ပေး လိုက်ပါ
ပြီးရင်တော့ Text or Voice တစ်ခုခု ရွေးပေးလိုက်ပါဗျ
ကျနော်ကတော့ နားလေး တဲ့သူမို့ text ပဲ ရွေး လိုက်တယ်
( ဖုန်းခေါ်ပြီး code ပြောလို့ ကိုယ် မကြားရင် ဒုက္ခ ကိုး 😁 )
ပြီးရင် တော့ ပြောစရာ လိုမယ် မထင်ပါဘူး Continue
Pin code 6 လုံး ပို့ပေး လိမ့်မယ်ဗျ
အဲ့ code ကို ထည့်ပေး ပြီး Verify ပေး လိုက်ပါ
Success! Your account has been verified. လို့
ပေါ် လာရင် တော့ Continue To Admob ကို ဆက်သွား
နောက် Ready To Take Off? မှာ Get Started ကို
ရဲရဲ တင်းတင်း နှိပ် ချ လိုက် ပါ 😂😂😂
ဒီစာကို ဖတ်နေတဲ့ ဆြာသမား တွေ အား လုံး
App ရှိပြီးသား ဖြစ်မှာပါဗျ
Store ပေါ်မှာ App တင်ထားပြီးသားဆိုရင်တော့ Yes
တင်ထား တာ မရှိရင်တော့ No ပေါ့ဗျာ
ကျနော်ကတော့ တင်ပြီးသာ မရှိ No ကနေ ပဲ ဆက်သွားမယ်ဗျ
Store ပေါ်တင်ထားပြီးသား ဆိုရင် app link ထည့်းပြီး
Search လိုက်ရင် တန်း တွေ့ပါ တယ်ဗျ
ကိုယ့် App ကို တစ်ချက် Click လိုက်ပေါ့နော်
No က နေ သွားမယ့် သူတွေ အတွက်ကတော့
App Name လေး ရေး ပေး လိုက်ပါဗျ
ပြီး ရင် Android လား iOS လား ရွေးပြီး
Add ကို နှိပ် ပေး လိုက်ပါ
Adunit ဆက်ပြီး လုပ် ချင်ပါက လုပ်ပေါ့
စာရှည်နေမှာ စိုး လို့ I'll Do Later ကနေပဲ လိမ့်တော့မယ်
နောက် Page မှာ Menu ကနေ Home ကိုနှိပ်ပါဗျ
Missing Payment Information မှာ
Add Payment Info ကို နှိပ် လိုက် ပါ
ဒီနေရာမှာ တော့
Provide Your Payment details ဆိုပြီး
စောစောက Mailbox De ကနေ ယူထားတဲ့
Address ဖြည့် ပေး ရတော့မယ် ဗျ
Name ကို တော့ Mail Box De မှာ ပေးခဲ့တဲ့အတိုင်း
ဖြည့် ပေး လိုက်ပါ ဗျ
Mailbox De က ပေးထားတဲ လိပ်စာရဲ့
အပေါ်က နှစ် ကြောင်း ကို Address 1 မှာ ထည့်ရမယ် ဗျ
> Address Line 1 <
Mailboxde.com GMBH, Name, ID ****** ပေါ့
တတိယ မြောက် ကို တော့ Address 2 မှာ ထည့်ရပါမယ်
> Address Line 2 <
Äussere Weberstr, 57
နောက်ပြီး
> Postal Code <
02763
ပြီး ရင်
> City <
Zittau
Phone Number ကတော့ Optional ဖြစ်တာမို့
ထည့်မပေး လဲ ပြသနာ မရှိပါဘူးဗျ
အားလုံး ဖြည့်ပြီး ရင်တော့ Submit ကို နှိပ် ပေး လိုက်ပါ
Payment Page ထဲကို ရောက်သွား ပါလိမ့်မယ်ဗျ
Menu ကနေ Home ကို ပြန်သွား လိုက်ပါ
Thanks For Your Information ဆိုပြီး
ကျနော် တို့ အကောင့် ကို စိစစ် နေပါလိမ့်မယ်
၂၄ နာရီ အတွင်း verify လုပ်ပေး ပါလိမ့်မယ်ဗျ
စကားများနေတာနဲ့ စာလဲ ရှည်နေပြီဗျာ
Account Verify ဖြစ်အောင် စောင့် ရင်းနဲ့
နောက်ရက်ကြမှ ပြန်ဆက် တော့မယ်
ဆုံးအောင် ဖတ်ရှုပေး လို့ ကျေးဇူးပါဗျာ
Credit - Ko Moe
Admob ကို မြန်မာ နိုင်ငံကနေ ဘယ်လိုလုပ် မလဲ အပိုင်း ၃
===================================
မင်္ဂလာပါ ဗျာ
အရင် တင်ထားတဲ့ ပိုစ့် မဖတ်ရ သေးရင်
အောက်ကလင့်မှာ ဖတ်ရှုနိုင်ပါတယ်
အပိုင်း ၁
https://m.facebook.com/story.php?story_fbid=115019636402808&id=100036843161646
အပိုင်း ၂
https://m.facebook.com/story.php?story_fbid=115352916369480&id=100036843161646
အရင် တင်ခဲ့တဲ့ ပိုစ့်မှာ adunit အပိုင်းကို ကျော်ခဲ့တယ်ဗျ
ဒါကလဲ မလိုအပ် ဘူး ထင်လို့ပါ
Admob လုပ်တဲ့ သူတစ်ယောက် အတွက် Adunit နဲ့
Sdk ထည့်သွင်းတာ ads serving ဖြစ်အောင်လုပ်တာ
အကုန် ရပြီး သာ ဖြစ်နေမှာပါ
တစ်ချို့ အာစိ တွေ မေးကြတယ်
Mailboxde မှာ မြန်မာ နိုင်ငံ မပါဘူး ဖြစ်နေလို့ ဆိုပြီး
ဟုတ်ကဲ့ မြန်မာ နိုင်ငံ မပါလဲ ကြိုက်တဲ့ တစ်ခု ရွေးလိုက်ပါဗျ
အဓိက, က Pin ရောက်လာရင် သိဖို့ ပဲ ကိုး
ကျနော် ဆိုရင် ထိုင်း လိပ်စာ ထည့်ပြီး ဖွင့်ခဲ့တာပါ
ထိုင်းတော့ မရောက်ဖူးဘူးနော် ရမ်းထည့်ခဲ့တာ 😂😂😂
ကျနော် အရင် တင်ခဲ့တဲ့ ပိုစ့် မှာ
Payment Info ထည့်သွင်းပြီး info verify ဖြစ်အောင်
စောင့် ရမယ့် နေရာထိ ရောက်ခဲ့ ပြီးပါပြီ
ပုံ ( ၁ ) မှာ ကြည့် ပေးပါဗျ
Your account is approved ဆိုပြီး ပြလာတာနဲ့
ကိုယ့် ရဲ့ App (android, ios) မှာ Ads ထည့်နိုင်ပါပြီ
Adserving ကတော့ ချက် ချင်း လုပ်မယ် မထင်ပါဘူး
Ads ပေါ်ပြီ ဆိုတာ နဲ့ ဝင်ငွေ ရပြီပေါ့နော်
ဒီနေရာမှာ တစ်ခု ပြောချင်ပါတယ်
Admob နဲ့ငွေရှာမယ်ဆို Playconsole ရှိရင်ပိုကောင်းပါတယ်
ဘာ့ကြောင့်လဲဆိုတော့
Sdk ထည့်တာချင်း App တည်ဆောက်ပုံချင်း
ကုန်ကုန် ပြောရရင် app user ချင်း တူနေရင်တောင်
Ads serving ဖြစ်တဲ့အချိန် အနည်း နဲ့ အများ ကွာပါတယ်
နောက်ပြီး eCPM ပေါ့နော်
Store ပေါ်မှ ရှိတဲ့ app နဲ့ မရှိတဲ့ app နှစ်ခု နိုင်းယှဉ်ကြည့်ရင်
မရှိတဲ့ App က User ထက်ဝက် ပိုနေရင်တောင်
Store ပေါ်က App လောက်တော့
Earning Amount က ရလိမ့်မယ် လို့ မထင်ပါဘူး
Admob က Playstore ပေါ်မှာ ရှိတဲ့ App ကိုပဲ
တန်ဖိုးကြီး Ads(eCPM ကောင်းတာ) တွေ ပြပေးတာမို့ပါ
စကား ရှည်နေပြီ ဆက်သွားရအောင် ဗျ
App မှာ Ads ထည့်ပြီး ငွေ ရှာ ပြီပေါ့ဗျာ
Admob မှာ 10 Euro ပြည့်ပြီး မကြာခင်မှာပဲ
Pin Code 6 လုံး ပါတဲ့ စာအိတ် ကို ကျနော်တို့ ဖြည့်ခဲ့တဲ့
Payment Info မှာ (လိပ်စာ ပေါ့နော်) ပို့ပေးလိမ့်မယ်ဗျ
စာအိတ်က တော့ ၃ ရက် ကနေ ၁၅ ရက် အတွင်း ရောက်မှာပါ
စာတိုက် က စော်တွေ ဘဲနဲ့ ချိန်းတွေ့နေရင်တော့ ကြာမယ်ဗျ 😂
စာအိတ်ရောက်ပြီလား မရောက်သေးဘူးလားကို တော့
Mailboxde.com မှာ သွား သွား ကြည့် ပေးရမယ် ပေါ့
ဒါမှ မဟုတ် Mailboxde.com မှာ
အကောင့်ဖွင့်ခဲ့တဲ့ mail ထဲမှာလဲ ကြည့်ရှုနိုင်ပါတယ်
စာအိတ် ရောက်ပြီဆိုရင် mail ကနေ အသိပေးပါတယ် :-)
ပုံ ( ၂ ) မှာ ကြည့် ပါဗျ
စာအိတ်ရောက်ရင် Mail ကတစ်ဆင့်အသိပေးထားတာပါ
ဟုတ်ကဲ့
အဲ့လိုမျိုး ရောက်နေပြီ ဆိုရင်တော့ mailboxde.com မှာ
ကိုယ်ရဲ့ email နဲ့ pwd ကို သုံး ပြီး Login ဝင်လိုက်ပါဗျ
ပုံ ( ၃ ) မှာ ပြထားတဲ့ အတိုင်း ပေါ်နေပါလိမ့်မယ်
ကြက်ခြေခတ်ပြထားတဲ့ Confirm and Send ကို မနှိပ်ပါ နဲ့
အစိမ်းရောင်လေးနဲ့ ဝိုင်းပြထားတဲ့
Photo of item in this shipment ကို select ပေးပါ
ပြီးရင်တော့ save request ကို နှိပ် ပေးလိုက်ပါဗျ
ပြီးရင် 2.10 Euro ငွေ ပေးချေ ခိုင်း ပါလိမ့်မယ်
Bank transfer, Paypal နဲ့ visa,master card
အာစိ တို့ အဆင်ပြေတာနဲ့ ပဲ ငွေ ပေးချေလိုက်ပါ
ကျနော်က ကြိုတင်ပြီး Recharge လုပ်ထားတာဆိုတော့
ဒီ step ကို auto ကျော်သွားတယ်ဗျာ 😪😪😪
ကြိုတင်ပြီ Recharge လုပ်ချင်တယ် ဆိုရင်လဲ
Mailboxde.com site ရဲ့ ညာဖက် အထက်နား မှာ
Recharge ဆိုတာ လေး ရှိပါတယ် အဲ့ကနေ ကလိပေါ့
Save Requests ကို နှိပ်ပြီးတာနဲ့
Mailboxde အကောင့်ဖွင့် ခဲ့တဲ့ E-Mail ထဲမှာ
Pin Code 6 လုံး ပို့ပေးလိမ့်မယ်ဗျ တစ်ခါလေကြတော့လဲ
Pin ပါတဲ့ စာမျက်နှာကို Scam ဖတ်ပြီး ပို့ပေးပါတယ်
အချိန်ကတော့ ၂၄ နာရီ အတွင်း ပါ
ပုံ ( ၄ ) မှာ ကြည့် ပါဗျ
Mailboxde ကနေ ကျနော့်ဆီကို Pin code ပို့ပေးထားတာပါ
အဲ့ Pin Code ရပြီ ဆိုတာနဲ့
apps.admob.com မှာ သွားပြီး
Payment info ကို verify လုပ် လိုက်ပါ
Pin code 6 လုံး ထည့်ပြီး Verify နှိပ်လိုက်ပြီဆိုတာနဲ့
Your billing address has been verified. ဆိုပြီး
Payment info verified ဖြစ်တဲ့ အကြောင်း ပြောလိမ့်မယ်
ဒါဆိုရင် Germany နိုင်ငံကနေ ကိုယ်စားပြုပြီး လုပ်ထားတဲ့
Admob အကောင့် Fully Verifed ဖြစ်ပြီပေါ့ဗျာ
အဲ့နိုင်ငံရဲ့ Bank Account ရှိပြီးသားဆို $ ထုတ်ယူလို့ ရပါပြီ
Germany Admob က Euro 70 မှ ထုတ်ပေးတာပါ
ဒီနေ့ တော့ ဒီလောက်ပဲ နားပါရစေ
ဆက်လက်ပြီး Germany Admob Account ကနေ
ရရှိတဲ့ $ ကို ဘယ်လို ထုတ်ယူရမလဲ တင်ပေးပါမယ်
ဆုံးအောင် ဖတ်ပေး လို့ ကျေးဇူးပါဗျ 😊😊😊
Credit - Ko Moe
Admob ကို မြန်မာနိုင်ငံကနေ ဘယ်လိုလုပ်မလဲ အပိုင်း ( ၄ )
===================================
မင်္ဂလာပါဗျ
အရင် တင်ခဲ့တဲ့ ပိုစ့် မှာ
Admob Account Fully Verified ဖြစ်ပြီး သွားပြီဆိုတော့
ရှာလို့ ရလာ တဲ့ $ ကို ဘယ်လို ထုတ် ယူမလဲ
တစ်လလုံး ရှာ လို့ ရခဲ့သမျှ $ ကို နောက်လ ၂၁ ရက်နေ့မှာ
လွှဲပေးတယ် ဆိုတာကို Admob, Adsense နဲ့
IA လုပ်ဖူး သူတိုင်း သိကြပြီး ဖြစ်မှာပါ
ဆိုေတာ့က Admob ရဲ့ Payment Tab မှာ
Add Payment Method ဆိုတာလေးက
ဒီလကုန်ပြီး နောက်လ ရောက်မှ အသက်ဝင်ပါလိမ့်မယ်ဗျ
ဒါပေမယ့် ကျနော်တို့အနေနဲ ကြိုတင်ပြင်ဆင် ထားကြရအောင်ဗျ
Germany Admob ရဲ့ Payment ကို
Germany Bank Account နဲ့ လက်ခံယူမှာပဲ ဖြစ်ပါတယ်
Bank Service Free ပေးတဲ့ တခြားတခြားသော
Brand တွေ ရှိရင် (စိတ်ချရရင်ပေါ့) အဲ့ကနေ ထုတ်ယူနိုင်ပါတယ်
ခု ကျနော် မိတ်ဆက်ပေးမှာ ကတော့ Payoneer ပါ
Germany Admob ကနေ ပေးတဲ့ $ ကို
Payoneer ကနေတစ်ဆင်ခံ ပြီး ထုတ် ယူမှာ ပဲ ဖြစ်ပါတယ်
ခု ပိုစ့်တင်ရင် ပြပေး ဖို့ ဆိုပြီး ညနေ ပိုင်း တုန်းက
Payoneer Account သစ် ဖွင့်ခဲ့တယ်ဗျ ဒါပေမယ့်
Android App တွေ ရေးနေတဲ့ အာစိ တို့ အတွက်
ဒါတွေက သိပ် လိုအပ်မယ် မထင်လို့ စာနဲ့ပဲ ဆက်လိုက်တော့မယ်
လိုအပ်မယ် ထင်တဲ့နေရာတော့ ပြပေး မယ်ပေါ့ဗျာ
အာစိ တို့ တော့ မသိဘူး ကျနော်က နလပိန်းတုံး ဆိုတော့
ကိုယ့်လို beginners တွေ နားလည် စေချင်လို့ ပါ 😊
Payoneer အကောင့် ရှိပြီး သား အာစိတို့ကတော့
ခု Step ကို ကျော် သွား ပေးကြပါဗျ
ဆက်လက်ဖတ်ရှုမိ်တယ်ဆိုရင်လဲ ကျနော်မှား တဲ့ နေရာကို
အပြုသဘော နဲ့ ထောက်ပြပေး ကြပါ လို့ မေတ္တာရပ်ခံပါတယ်
Payoneer အကောင့် မဖွင့် ခင်မှာ
လိုအပ်တာလေး တစ်ချို့ကို အရင် ပြောပြပါရစေဗျ
၁။ ID Card (မှတ်ပုံတင်,Driving Licene, Passport)
ID Card နေရာမှာ ပြီး ပြီး ရော သဘောမျိုးနဲ့ မလုပ်စေချင်ဘူး
ကိုယ် ပိုင် ဖြစ်နေရင် ဒါမှ မဟုတ် ကိုယ့် အသိထဲက ဖြစ်ရင်
ပိုကောင်းပါတယ် ဒီ အကြောင်း ကို အဆင်ပြေရင် တင်ပေးပါမယ်
၂။ Postal Code
Postal Code နဲ့ ပက်သက် ပြီး နည်းနည်း ပြောပါရစေဗျ
တစ်ချို့ သော Facebook Page နဲ့ Website တွေမှာ
မြန်မာ postal code (Zip code) များ ဆို ပြီး
တင်ထား တာတွေ တွေ့ နေရပါတယ် မှန်တာ ရှိသလို
လွဲမှား နေတာ တွေလဲ ရှိနေပါတယ် ဗျ
ခု Payoneer မှာ သုံးတဲ့ Postal Code ကတော့
လုံးဝ ကို လွဲ လို့ မရပါဘူး ခင်ဗျ
ဘာ့ကြောင့်လဲ
ဟုတ်ကဲ့
Payoneer ကနေ မြန်မာနိုင်ငံက ကိုယ့် ဘဏ်အကောင့်ထဲကို
ငွေ လွှဲ ပေးပြီ ဆိုပါတော့ဗျာ ငွေ အမောက် များ နေရင်
ပြသနာ မရှိပေမယ့် 100$ လောက် ဆိုရင်တော့
ကြားထဲမှာ ဖြတ်သန်းလာတဲ့ တခြားနိုင်ငံတွေရဲ့ Fee နဲ့တင်
ကိုယ့်ဆီ ရောက်လာတဲ့ အခါမှာ 60$ လောက် ကျန်တော့မှာ မို့ပါ
ဒါတောင် မြန်မာဘဏ်က ဖြတ်တဲ့ Swift Fee မပါသေးဘူး 😰
Payoneer မှာ marketing သို့မဟုတ် Global ကနေ
30 $ ဝင်ငွေ ရပြီးတာ နဲ့ Master Card လျှောက်လို့ရပါတယ်
Master Card နဲ့ မြန်မာ က Atm တစ်ချို့မှာ
ငွေ ထုတ် ယူလို့ ရပါတယ်ဗျ အဲ့ဒါကြောင့်
Postal Code နဲ့ Address မှန်အောင် ထည့်ပေးနိုင်ဖို့
အရေး ကြီးတယ် လို့ ပြောရခြင်း ဖြစ်ပါတယ်
ကိုယ် နေတဲ့ နေရာ ရဲ့ Postal Code (စာပို့သင်္ကေတ) မသိရင်
အောက်က website မှာ မြို့နာမည် ရိုက်ရှာပြီး ကြည့်နိုင်ပါတယ်
ရှာရတာ အဆင်မပြေဘူး ဆိုရင် စာပို့သင်္ကေတစာအုပ် ရယူရန်ကို
နှိပ် pdf File ဒေါင်းလုတ် ပြီး ကိုယ့်နေရာရဲ့ Postal ကို
ကြည့်ရှုနိုင်ပါတယ် (file size က 70 MB ကျော် 😰)
https://www.myanmarepost.com/postoffices
ပြောရင်းနဲ့ လိုရင်း မရောက်တော့ ဘူး ဖြစ်နေတယ်
နားလည်ပေးကြပါဗျာ ကျနော် အဆင်မပြေခဲ့ဖြစ်ခဲ့တာမျိုး
စလုပ်မယ့် beginners တွေ မကြုံစေချင်လို့ပါ
Payoneer အကောင့် ဖွင့် ဖို့ အတွက်
အောက်ကလင့်မှာ ဝင်ရောက် ဖွင့်နိုင်ပါတယ်
(ကျနော့် Ref link ပါ ခင်တယ်ဆိုရင် ဒီကနေပဲ ဖွင့်ပေး 😊)
https://share.payoneer.com/nav/aeN9mRt26ej8MZNVpCMb1VyTGSsIAZF88UTURboCSLDO9l-mON4X8J5HMKz1JJZm5vKXXykr9Pxjt_HU_MXTtg2
First name, Last name, email(နှစ်ခါပြန်ထည့်ရမှာပါ)နဲ့
Birthday (ID Card ထဲ ကအတိုင်း ထည့်ပေးပါ) ပြီးရင်တော့
အောက်မှာ ပြပေးထားတဲ့ စာလိမ် ကို Box ထဲမှာ ရိုက်ထည့်ပြီး
NEXT ကို နှိပ် ပေး လိုက်ပါဗျာ
နောက် Page မှာတော့
Country - Burma (Myanmar) ကို ရှာ ရွေးပေးလိုက်ပါ
Address Line 1, Address line 2 နဲ့ City
နောက်ပြီး Postal or Zip Code (အရေးကြီးပါတယ်),
Phone Type - Mobile ကို ရွေးပြီး ကိုယ့် ဖုန်းနံပါတ်
ထည့်ပေးလိုက်ပါ အကုန်ပြီး ရင်တော့ NEXT ကိုနှိပ်
နောက် Page ကို ရောက်ရင်
username မှာ ကျော် ခဲ့လိုက်ပါ
Enter Password မှာ အဆင်ပြေတာ ထည့်လိုက်ပေါ့ 😊
Reenter မှာ လဲ အဲ့တိုင်းပဲ ထည့်ပေးပြီး
Scurity Question ရွေးပြီး မှတ်မိနိုင်မယ့် တစ်ခုကို
Security Answer မှာ ဖြည့် ထား ခဲ့ပါ
နောက် Issuing Country မှာ မြန်မာ အတိုင်းပဲ ထားခဲ့ပါ
ID Type မှာ တော့ ကြိုက်ရာရွေး ပြီး
ID Number မှာ တော့ ရွေးထားတဲ့ ID ရဲ့ နံပါတ်ကို ထည့်ပါ
(Note - မှတ် မိ နေဖို့ တော့ လိုလိမ့်မယ်ဗျ) ပြီးရင် NEXT
နောက် Page မှာတော့
ကိုယ့် ရဲ့ ဘဏ် အကောင့်ကို ထည့်ခိုင်း လိမ့်မယ်
Bank Name, Bank Account Name,
Account No နဲ့ Swift Code
Swift Code ကို မသိဘူး ဆိုရင်
Google မှာ ရိုက်ရှာ ကြည့် လိုက်ပါဗျ
Kbz bank ဆိုရင် KBZ Bank Swift Code ဆိုပြီး
Kbz - KBZBMMMY
CB - CPOBMMMY စသည်ဖြင့် တွေ့ပါလိမ့်မယ်ဗျ
အာ့တွေ ဖြည့် ပြီး ရင်တော့ အောက်နှစ်ကွက်မှာ အမှန် ချစ်
ပြီးရင်တော့ Submit ကို နှိပ်ပေး လိုက်ပါ
Congratulation ဘာညာ ဆိုပြီး ပေါလာလိမ့်မယ်ဗျ
အာ့ဆိုရင်တော့ ဖြည့်ခဲ့တဲ့ Mail ထဲ ကို သွား ကြည့်လိုက်ပါ
Verification Link ပို့ထား ပါလိမ့်မယ်
ဖွင့်ကြည့်ပြီး Verify My Email ကို နှိပ်ပေးလိုက်ပါ
Thanks You ဆိုပြီး Verify ဖြစ်ပြီဆိုတာပေါ်လာလိမ်မယ်
နောက်တစ်ခုက ကျနော်တို့ Submit လုပ်ထားတာ ကို
Review လုပ်နေတုန်း ဆိုတဲ့ Mail ရော ဝင်နေပါလိမ့်မယ်
ကျနော် တို့ ဆက်လုပ်ရမှာ က Browser ကနေဆင့််
Payoneer ကို တစ်ခါပြန်ပြီး Login ဝင်ရမှာ ဖြစ်ပါတယ်
ရှာ မတွေ့ရင် login.payoneer.com ကနေ
ဖြည့်ခဲ့တဲ mail နဲ့ pwd ကို သုံး ပြီး ဝင်လိုု်က်ပါ
ပြီးရင်တော့ security question 2 နဲ့ 3 ကို
ရွေးပြီး Answers ထပ် ဖြည့် ပေးရမယ် ဗျ
(Question နဲ့ Answers မှတ်မိနေဖို့တော့ လိုတယ်)
ပြီးရင် Submit ကို နှိပ် ပေး လိုက်ပါ
Payoneer Account ထဲကို ရောက်သွား လိမ့်မယ်
View Transactions က လွဲ ပြီး ဘာမှာ မပေါ်သေး 😢
ဘယ်ဖက် အထက်နားက Menu ကို နှိပ် လိုက်ပါဗျ
(ဒီနေရာမှာ ကျနော် ဖုန်းကို အသုံးပြုပြီး ပြောပြတာမို့
PC သမားတွေနဲ့ တိုင်ဆိုင်မှု မရှိရင် ခွင့်လွှတ်ပါ)
ပေါ်လာတဲ့ Tab တွေ ထဲက Setting ကို တစ်ချက်နှိပ်ပြီး
Verified Informations ကို ဆက်သွား လိုက်ပါ
နောက် ပေါ်လာတဲ့ Page ထဲက
Account Verification ကို နှိပ်ပေး လိုက်ပါ
ပြီးရင်တော့
Government-issued Photo ID ကို ဆက်နှိပ်ပါ
နောက် Page ကို ရောက်သွား လိမ့်မယ်ဗျ
Please Choose Your မှာ
မြန်မာက အာစိတွေ အတွက်တော့ မြန်မာပဲ ထား လိုက်ပါ
ID သုံးမျိုး ထည့်ပေးနိုင်ပေမယ့်
Driving Licence နဲ့ Passport က ခဏပဲ ကြာပါတယ်
မြန်မာ မှတ်ပုံတင်က မြန်မာစာနဲ့ဆိုတော့ ကြာတယ်ဗျ
နောက်ပြီး ID တင်ပေးတာ နဲ့ တင်မပေးပဲ ထားတာ
Approved ဖြစ်ဖို့ အချိန် တော်တော် ကို ကွာပါတယ်
ကိုယ် အဆင်ပြေရာကို ရွေး Add File ကို နှိပ်ပြီး
ကိုယ့် ရဲ့ ID ကို select လိုက်ပါ ပြီးရင်တော့ Submit 😊
Success ဆို ပြီး အမှန် ချစ်သွားပြီဆိုရင်
Payoneer အကောင့် ဖွင့် တာ ပြီးပါပြီဗျ
ပထမ စိတ်ကူးထားတာ payoneer အကောင့်
Approved ဖြစ်တဲ့ ဆီ ထိ တင်မယ် လို့
ဒါမယ့် တော်တော်မူးကို မူးနေပြီ
မရတော့ ဘူးဗျ ဒီလောက်ပဲ သိခံပေးကြပါ
ဆုံးအောင် ဖတ် ပေးလို့ ကျေးဇူးဗျ
Credit - Ko Moe